ဟားမြို့မြို့၊ မြို့သစ်ရပ်ကွက်၌ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၁

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့က လုံခြုံရေးဆောင်ရွက်စဉ် မေ ၁၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် မြို့သစ်ရပ်ကွက်ရှိ ဂေါက်ကွင်းအနီး၌ မသင်္ကာဖွယ်အမျိုးသား ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ် ဆောင်စဉ် ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများသည် မြို့သစ်ရပ်ကွက်နေ ဦးကီလ်လိန်း(ဘ)ဦးလိန်းထန် နှင့် ဦးဘွေအား(ဘ)ဦးထန်းကီး တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းချက် အရ မြို့သစ်ရပ်ကွက်ရှိ ဦးယူကျုံး၏ နေအိမ်အား သွားရောက်စစ်ဆေးရာ ဦးယူကျုံး အား လက်လုပ်သေနတ် ၂ လက်နှင့် မှန်ပြောင်း ၂ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများထဲမှ ဦးကီလ်လိန်း နှင့် ဦးဘွေအား သည် ကျန်းမာရေး ကောင်းမွန်မှုမရှိသဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ရာ ဦးကီလ်လိန်း သည် သွေးတိုးရောဂါနှင့် ဦးဘွေအားသည် ပြင်းထန်အဆုတ်ရောင် ရောဂါများ ခံစားနေရသူများဖြစ်ပြီး သက်သာမှုမရှိသည့်အတွက် ဟားခါးပြည်သူ့ ဆေးရုံမှတစ်ဆင့် ကလေးမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေခဲ့သော်လည်း ရောဂါသက်သာမှုမရှိဘဲ မွန်းလွဲ ၂ နာရီခန့်တွင် ဦးကီလ်လိန်း သည်လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဦဘွေအား သည်လည်းကောင်း အသီးသီး သေဆုံးသွားခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။