ဟိန်းထက်အောင် မလေးရှားကလပ်သို့ ပြောင်းရွှေ့ခွင့်အတွက် ဆေးစစ်မှုခံယူရန် သွားရောက်မည်

 

ဟံသာဝတီယူနိုက်တက်  အသင်းမှ လက်ရွေးစင် ယူ-၁၉ ကွင်းလယ်ကစား သမား ဟိန်းထက်အောင် သည် လာမည့် ဘောလုံးရာသီတွင်  မလေးရှားစူပါလိဂ် ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန်   စီစဉ်ထားသည့်အတွက် ဇန်နဝါရီ ၂၀ ရက်တွင် မလေးရှားနိုင်ငံသို့ ဆေးစစ်မှုခံယူရန်   သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်အောင်သည် မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ ကလပ်အသင်းတစ် သင်းတွင် ကစားရန် သဘောတူညီမှုရရှိ ထားခြင်းဖြစ်သည်။ “ဇန်နဝါရီ ၂၀ ရက်မှာ မလေးရှားနိုင်ငံကိုသွားပြီး ဆေးစစ်မှုနဲ့ ခြေစွမ်းစမ်းသပ် မှုခံယူပါမယ်။    အသင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်တော် မလေး ရှားမသွားခင်   မီဒီယာတွေကတစ်ဆင့် အသိပေးပြောကြားပါမယ်။   မလေးရှား စူပါလိဂ်က ကလပ် အသင်းတစ်သင်းဖြစ်ပါတယ်။ အဓိကကတော့ စိန်ခေါ်မှုတွေကို လိုချင်တဲ့အတွက် မလေးရှား ကလပ်အသင်းကို   ပြောင်းရွှေ့ဖို့  ဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်”ဟု ဟိန်းထက်အောင်က ပြောသည်။

အသက် ၂၀ အရွယ်     ဟိန်းထက်အောင်သည် အမျိုးသားဘောလုံးအကယ်ဒမီ(မန္တလေး)မှ ပေါ်ထွက်ခဲ့ သည့် ကစားသမားဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဟံသာဝတီယူနိုက်တက်အသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝစတင်ခဲ့ကာ ၂၀၂၀ ပြည့် နှစ် နှစ်ကုန်တွင် အသင်းနှင့် စာချုပ်သက် တမ်းကုန် ဆုံးခဲ့သည်။ ဟိန်းထက်အောင်သည် ၂၀၁၈ ဘောလုံး ရာသီမှ ၂၀၂၀ ရာသီအထိ ဟံသာဝတီယူ နိုက်တက်အသင်းအတွက် စုစုပေါင်း ၅၄ ပွဲကစားပေးခဲ့ပြီး  ကိုးဂိုးသွင်းယူကာ  ဂိုးဖန်တီးမှု ကိုးကြိမ်အထိ ပြုလုပ်ပေးခဲ့သည်။

ဟိန်းထက်အောင်သည် ၂၀၁၇ ခုနှစ်မှစ၍ သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင်  ရွေးချယ် ခံခဲ့ရပြီး ပြီးခဲ့ သည့် အာရှ  ယူ-၁၉  ခြေစစ်ပွဲဝင် မြန်မာ ယူ-၁၉ အသင်း၌လည်း  ပါဝင်ခဲ့ကြောင်း သိရ သည်။