ဟိုင်းကြီးကျွန်းမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့များ၌ စုပေါင်း ဒီရေတောသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ

ဟိုင်းကြီးကျွန်းမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့များ၌ စုပေါင်း ဒီရေတောသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ

နေပြည်တော်၊ မေ - ၂၉

သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ကောင်းမွန်ပြီး မြေဆီလွှာ ပြုန်းတီးမှုနှင့် သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုးပွဲများကို မေ ၂၈ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့များ၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများက ပူးပေါင်း၍ စုပေါင်းစိုက်ပျိုး ကြသည်။ ထိုသို့ စိုက်ပျိုးကြရာတွင် သမှဲ့ ၇၀၀ ပင်၊ သမှဲ့ကြီး ၃၀၀ ပင်၊ ကျန ၃၀၀ ပင်၊ ဗျူးခြေဝါ ၁၃၀၀ ပင်၊ ဗျူးအုပ်ဆောင်း ၁၃၀၀ ပင်၊ စုစုပေါင်း ၃၉၀၀ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ဒီရေတော စိုက်ခင်း ၂၈၀၀ ဧက၊ ဒီရေတောထင်းစိုက်ခင်း ၈၁၆ ဧက ၊ ပေါင်း ၃၆၁၆ ဧက ၊ ၁၁၃၁၀ ပင် ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ဒီရေ တော စိုက်ခင်း ၂၈၀၀ ဧကမှ ယနေ့အထိ စိုက်ပျိုးပြီး ၅၈၇ ဧက ၊ စိုက်ပျိုးရန်ကျန် ၂၂၁၃ ဧက၊ ဒီရေတောထင်းစိုက်ခင်း ၈၁၆ ဧက မှ ယနေ့ထိ စိုက်ပျိုးပြီး ၁၉၀ ဧက နှင့်စိုက်ပျိုးရန်ကျန် ၆၂၆ ဧက ဖြစ်ပြီး စိုက်ပျိုးရန်ကျန်ဧကများကိုလည်း ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။