ဟိုပုံးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မြို့ရွာသန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ် ရေးလှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ သီရိမင်္ဂလာရွှေချမ်း သာမွေတော်ဘုရားကြီး၊ ပန်းခြံနှင့် သီရိမင်္ဂလာလမ်းတို့တွင် ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်0ရှိသူများ၊ အရာရှိ၊ စစ်သည် များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး ဉက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သီရိမင်္ဂလာရွှေချမ်း သာမွေတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်ကြပြီး ဘုရားကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဘုရားကြီးအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ သီရိမင်္ဂလာလမ်းတွင် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော် ဆောင်ရွက်ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား လိုက်လံ ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့ နယ် စည်ပင်သာယာရေးရုံးနှင့် တောင်ရပ်ကွက်အတွင်းရှိ ရေကန်တို့၌ သွေးလွန်တုတ် ကွေးရောဂါ မဖြစ်ပွားရန်အတွက် ရေကန်အတွင်းသို့ အဘိတ်ဆေး(ABADE) (၃)လ အာနိသင်ရှိဆေးများ ခပ်ထည့်ပေးနေမှုများကို သွားရောက်ကြည်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။