ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ဩဂုတ် - ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ပရဆေးဉယျာဉ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင် ၃၃ ဦးတို့ကို ဆေးကုသမှုဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အစာအိမ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။