ဟုမ္မလင်းမြို့၊ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ ဖွင့်ပွဲနှင့် တိုက်ခန်းသော့များ လွှဲပြောင်း ပေးအပ်ပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၇

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ ၂ ခန်း တွဲ(၁-ထပ်) ၅ လုံးဖွင့်ပွဲနှင့် တိုက်ခန်းသော့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့တွင် အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ကြသည်။

    ဦးစွာ တက်ရောက်လာကြသူများက ပင့်သံဃာ ၅ ပါးအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တက်ရောက် လာကြသူများက သံဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြ သည်။

ဆက်လက်၍ တပ်နယ်မှ တာဝန်ရှိသူများတစ်ဦးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း မိသားစုဝင်များအား အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ တိုက်/ အခန်းသော့များ လွှဲပြောင်းပေးအပ်ကာ အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ အိမ်ရာနေ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။