ဟံသာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ

ဟံသာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ

နေပြည်တော် သြဂုတ် ၁၀

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ သော ၂၀၂၂  မြန်မာနေရှင်နယ်လိဂ်(၁) အမှတ်ပေးဘောလုံးပြိုင်ပွဲ  ပွဲစဉ်(၇)ကို ယနေ့ညနေ ၃ နာရီတွင်  သုဝဏ္ဏကွင်း၌ ဟံသာဝတီယူနိုက်တက် အသင်းနှင့်  ရခိုင် ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဟံသာဝတီယူနိုက်တက် အသင်းက  ရခိုင် ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပထမပိုင်းပွဲစချိန်  ၃ မိနစ်တွင် ရခိုင် ယူနိုက်တက်အသင်းမှ  ပိုင်ထက်ကိုကိုက ဦးဆောင်ဂိုးစတင် သွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၂၇ မိနစ်တွင် ဟံသာဝတီ ယူနိုက်တက်အသင်းမှ ညီညီအောင်က ချေပ ဂိုးပြန်လည်သွင်းယူပေးခဲ့သည်။ ပွဲကစားချိန် ၄၅ မိနစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းမှ ဝင်းမိုးကျော်က ရခိုင်ယူနိုက်တက် အသင်း ဂိုးဧရိယာအတွင်းဆွဲယူပြီး ဂိုးသွင်း ရန်ကြိုးစားခဲ့သော်လည်း ရခိုင်ယူနိုက်တက် အသင်းမှ   နောက်ခံကစားသမားသက်ထွန်းအောင်၏  ကစားပုံကြမ်းတမ်းသည့်အတွက် အဝါကတ်ပြကာ ဟံသာဝတီယူနိုက် တက်အသင်းက ပယ်နယ်တီကန်သွင်းခွင့်ရရှိ ခဲ့ပြီး တိုက်စစ်ကစားသမား စိုးကျော်ကျော် ကသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းပွဲပြီးဆုံးချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်   ဦးဆောင်ကစားခဲ့သည်။

ဒုတိယပိုင်းတွင်လည်း  ရခိုင်ယူနိုက်တက်အသင်း   ချေပဂိုးပြန်လည်ရရှိရေးအတွက်  တိုက်စစ်ကိုအားပြု ကစားခဲ့သော်လည်း ဟံသာဝတီယူနိုက်တက် အသင်း၏ နောက်တန်းခံစစ်ကစားသမားများကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့်အပြင် ပွဲကစား ချိန် ၇၃ မိနစ်တွင် ဟံသာဝတီယူနိုက်တက် အသင်းမှ ကျော်မင်းသန်းက ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် ဟံသာဝတီယူနိုက်တက်အသင်းက   ရခိုင်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

သြဂုတ် ၁၁ ရက်(ယနေ့)တွင် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁)အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၇)မှ ISPE FC အသင်းနှင့် GFA FC အသင်းတို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း   သိရသည်။

ကျော်လွင်