လာမည့်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်လျက်ရှိသည့် ဟံသာဝတီယူနိုက် တက်အသင်းသည် ရတနာပုံအသင်း နောက်ခံကစားသမား ရဲရင့်အောင်နှင့် ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ် ကစားသမား ရဲလင်းထက်တို့ကို ဇန်နဝါရီ ၁၉ ရက်တွင် အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ သည်။
ရတနာပုံအသင်း နောက်ခံကစားသမား ရဲရင့်အောင်ကို သုံးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရဲလင်းထက်ကို နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ရဲရင့်အောင် သည် အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) မှ ပေါ်ထွက်ခဲ့ သည့် ကစားသမားဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစား သမားဘဝကို ၂၀၁၅ ခုနှစ်တွင် ရတနာပုံ အသင်းနှင့်စတင်ခဲ့ကာ ပြီးခဲ့သည့်ဘောလုံး ရာသီကုန်၌ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည်။
လက်ရှိတွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် သဘောတူညီမှုရရှိထားပြီးဖြစ် သည့် ဝင်းမိုးကျော်၊ ဒွေးကိုကိုချစ်၊ နေမိုး နိုင်၊ အောင်မြတ်သူ စသည့်ကစားသမားများသည် သက်ဆိုင်ရာနေရပ်များ၌ ရောက်ရှိနေသည့်အတွက် ဟံသာဝတီ ယူနိုက်တက်အသင်း လေ့ကျင့်မှုစတင် သည့်အချိန်တွင် အပြီး သတ်စာချုပ်ချုပ်ဆို မည်ဖြစ်သည်။