နေပြည်တော်၊ မေ - ၂၇
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝမြှင့်တင်နိုင်ရန် အခြေခံလိုအပ် ချက်သည် ပညာရေးကဏ္ဍမြင့်မားရေးဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက် ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ် များပေါ်ထွန်းလာစေရေး ကမ္ဘာ့နိုင်ငံတိုင်းက ပညာရေးကို အလေးပေး ဆောင် ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အား ကျောင်းများပိတ်၍ ရပ်နားခဲ့ရသဖြင့် နိုင်ငံတော်၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်နှစ် တစ်နှစ်တာ နစ်နာဆုံးရှုံးခဲ့ရပြီး များစွာနစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာသင်ခွင့်နောက်တစ်နှစ် ထပ်မံမဆုံးရှုံးစေရေးအတွက် COVID-19 ရောဂါအား အထိုက်အလျောက် ထိန်းသိမ်းထားနိုင်သည့်ကာလတွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ ဇွန် ၁ ရက်မှစ၍ နိုင်ငံနှင့်အဝှမ်း ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန် ကာလတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေးကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ မိုးလုံလေလုံဖြင့် ကောင်းမွန် စွာ ကျောင်းတက်နိုင်ရေးပြင်ဆင်ခြင်း၊ သင်ရိုးစာအုပ်နှင့် သင်ထောက်ကူပစ္စည်း များ၊ COVID-19 ကာကွယ်ရေးဆိုင်ရာ Mask၊ Face Shield များ အခမဲ့ပေးဝေ နိုင်ရေးနှင့် လက်ဆေးရန်နေရာတို့မှစ၍ ပြင်ဆင်မှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။
နိုင်ငံတော်အနေဖြင့် ထိုသို့ စီမံဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတော် ၏ အမျိုးသားအကျိုးစီးပွားကို ပျက်စီးစေလိုသည့် နိုင်ငံရေးအစွန်းရောက် ဆူပူ အကြမ်းဖက်လိုသော အုပ်စုများက ဆရာ၊ ဆရာမ များနှင့် ပညာရေး ဝန်ထမ်းများကို CDM လုပ်ဆောင်စေခြင်း၊ မလုပ်ဆောင်သူများကို အသက် အန္တရာယ်ဖြစ်စေသည်အထိ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာပြီး အပြစ် ကင်းစင်သည့် နုနယ်သော ကျောင်းသားကျောင်းသူများကို ကျောင်းမတက်ရေး ခြိမ်းခြောက်အကြပ်ကိုင်မှုများ ပြုလုပ်လာခဲ့သည်။ ထို့အပြင် မေလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များကို မီးရှို့ဖျက်ဆီးခြင်း ၁၈ ကြိမ်၊ ဗုံးခွဲခြင်းနှင့် ဗုံးခွဲရန်ကြိုးစားမှု ၁၁၅ ကြိမ်၊ ကျောင်း မတက်ရန် ဆန့်ကျင်စာကပ်ခြင်း၊ မှုတ်ဆေးများအသုံးပြု၍ ဆန့်ကျင်/ ခြိမ်းခြောက် စာသားများ ရေးဆွဲခြင်းများ စသည့်ယဉ်ကျေးသော မည်သည့် လူမှုအသိုင်းအဝိုင်းကမျှ လက်မခံနိုင်သည့် အောက်တန်းကျသော လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည်။
နိုင်ငံတကာတွင်ပင် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များကို လက်ခံ အားပေးခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချတားဆီးနေသည့်အချိန်တွင် အနာဂတ် လူငယ်ထု၏ ပညာရေးမျှော်မှန်းချက်များ ပျက်ပြားစေရန် အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလုပ်ဆောင်လာနေကြသည့် အတွက် ကျောင်းသားလူငယ်၊ မိဘပြည်သူလူထုအများစုအနေဖြင့် ထိုသို့လုပ် ဆောင်နေမှုများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့် အဖွဲ့အစည်းများကို ကန့်ကွက်ရှုတ်ချရွံရှာမှုများ ဖြစ်ပေါ်လျက်ရှိနေကြကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိစဉ် အကြမ်းဖက်ဆူပူ သောင်းကျန်းသည့်အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် မည်သို့မျှ လက်ခံ ခွင့်လွှတ်ပေး၍ ရနိုင်မည်မဟုတ်သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်မှုကို နှောင့်ယှက် လုပ်ဆောင်နေမှုများအား ပြည်သူလူထုနှင့် ပူးပေါင်းမှုဖြင့် ထိရောက် ပြင်းထန်စွာ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ