အကြမ်းဖက်လူတစ်ခုမှ ရထားသံလမ်းထိန်းကလစ်များဖြုတ်ထားမှုကြောင့် မန္တလေးမြို့မှ ကန့်ဘလူမြို့သို့ ထွက်ခွာလာသည့် မီးရထား လမ်းချော်မှုဖြစ်ပွား

နေပြည်တော်၊ မေ - ၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ စမ်းသပ်ပြေးဆွဲရန် ယနေ့နံနက် ၆ နာရီခန့်တွင် ထွက်ခွာလာသည့် RBE အမျိုးအစား ရတားတွဲ ၂ တွဲသည် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပေါက်တုံ ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ မိုင်တိုင်အမှတ်(၄၄၁/၂) သို့အရောက်၌ ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အားစိစစ်ခဲ့ရာ အကြမ်းဖက်သူလူတစ်စုက ရထားသံလမ်းထိန်းကလစ် များဖြုတ်၍ သံလမ်းအောက်မှခဲများဖြင့် ခုထားခြင်းကြောင့် လမ်းချော်ရခြင်းဖြစ်ပြီး လမ်းချော်မှုကြောင့် ကွန်ကရစ်ဇလီဖားတုံး ၇ တုံးပျက်စီးကာ ရထားသံလမ်းအပြင်သို့ ကားထွက်ပြီး လူ၊ တိရစ္ဆာန်နှင့် မီးရထားတွဲပျက်စီးမှုမရှိကြောင်း သိရှိရသည်။
အဆိုပါရထားလမ်းချော်မှုဖြစ်ပေါ်ခဲ့သည့်နေရာအား မြန်မာ့မီးရထားပို့ဆောင်ရေး ဝန်ကြီးဌာန(ရွာထောင်)မှ တာဝန်ရှိသူများက ရထားသံလမ်းပြုပြင်ခြင်းများ ဆောင် ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။