အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် စာသင် ကျောင်းပေါင်း ၄၄၄ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရ

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် စာသင် ကျောင်းပေါင်း ၄၄၄ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော်၊ နိုဝင်ဘာ - ၂၀

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံ တော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေး ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေ ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အတွက် အရေးအကြီးဆုံးဖြစ် သော ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုအပေါ် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်သမား များသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ် ခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေးအဆောက် အဉီများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို အသိတရားမဲ့စွာ လုပ် ဆောင်လျက်ရှိခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၁၅ ရက် အထိ စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်း ပျက်စီးဆုံးရှုံးခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များ၏ ယခုကဲ့သို့ ပညာရေးကဏ္ဍမြင့်မားရေးအတွက် အခြေခံ ထောက်တိုင်များဖြစ်သော စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက် ဆီးမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်ဝန်းကာကွယ် တားဆီးရန်လို အပ်ပြီး အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင် သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန် အပ်ပါသည်။