အကြမ်းဖက်သူလူတစ်စုက အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုများလုပ်ဆောင်

နေပြည်တော်၊ မေ - ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းမြင့်(ဘ)ဦးမောင်တဲ၏ နေအိမ်သို့ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ် ခန့်တွင် အကြမ်းဖက်သူလူတစ်စုက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး နေအိမ် အတွင်းရှိသူများအား တစ်လုံးထိုးလုပ်သေနတ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ၎င်းနေအိမ်၌ အကြမ်းဖက်သူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါ်ဝင်းသူဇာ (ဘ) ဦးသန်းမြင့်သည့် သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မောင်မင်းခန့်နိုင်(ဘ) ဦးအဲထွန်းနှင့် ဒေါ်ညွန့်စန်း(ဘ)ဦးမြင့်ဆွေတို့ ၂ ဦးတွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် မောင် မင်းခန့်နိုင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ဝန်းကြီးကျေးရွာနေ ကျီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုပု(ဘ)ဦးညွန့်တင် သည် မေ ၄ ရက် ညနေပိုင်းတွင် ကျီးကန် ကျေးရွာနေ မိတ်ဆွေဖြစ်သူ ဦးမြင့်ဝင်းထံသို့သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာသို့ အရောက်၌ အသင့်ပုန်းအောင်း စောင့်ဆိုင်းနေသည့် အကြမ်းဖက်လူတစ်စုမှ ဓားများ ဖြင့် တိုက်ခိုက်ခဲ့ရာ ဦးညိုပု၏ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာ များရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်းနှင့် ၎င်း၏ ဆိုင်ကယ်နှင့် ဖုန်းအား အကြမ်းဖက် လူအုပ်စုမှ ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။