အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများနှင့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများနှင့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ နို ၂၀

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် တို့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၁၇ ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် အား ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစားပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၁၈ ရက်တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်၊၊
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်များအရ ရန်ကုန် မြို့အတွင်း အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်ရန် ငှားရမ်းပေးထားသော နေရာ ၂၁ ခုရှိကြောင်း ဖော်ထုတ်သိရှိရသည်။ ၎င်းနေရာများအား နိုဝင်ဘာလ ၁၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လယ်ယာရွှေမြေလမ်း၊ မ-၂၆၊ ၄ လွှာအား လည်းကောင်း။
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း၊ အမှတ်(၇၆၄)၊ ၄ လွှာ အား လည်းကောင်း။
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂလမ်း၊ အမှတ်(၅၁၂)၊ ၃ လွှာအား လည်းကောင်း။
- တောင်ဥက္ကလာပမြို့နယ်၊ တကောင်း(၅)လမ်း၊ အမှတ်(၈၃)၊ ၄ လွှာအား လည်းကောင်း။
- သာကေတမြို့နယ်၊ သိင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/အေ)အား လည်းကောင်း။
- သာကေတမြို့နယ်၊ သင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/ဘီ)အား လည်းကောင်း။
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ပထမထပ်၊ အမှတ်(၄၂)အားလည်းကောင်း။
- ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းတာဝါ၊ တိုက်(A)၊ အခန်း(၁၀၆)အား လည်းကောင်း။
- ရန်ကင်းမြို့နယ်၊ သုခရိပ်သာလမ်း၊ (၁၂)ရပ်ကွက်၊ အမှတ်(၄/၃/၇၆)အား လည်း ကောင်း။
- တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အမှတ်(၃၁၄/၅)၊ ပထမထပ်အား လည်းကောင်း။
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၃၇၄)၊ ၅ လွှာအား လည်းကောင်း။
- တောင်ဥက္ကလာပမြို့နယ်၊ မိဂသီလမ်း၊ အမှတ်(၁၇၇)၊ ၃ လွှာအား လည်းကောင်း။
- မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ခန်းမဆောင်လမ်း၊ အမှတ် (၂၃)အား လည်းကောင်း။
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၃)လမ်း၊ အမှတ်(၇၁၀)အားလည်းကောင်း။
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၄)လမ်း၊ အမှတ်(၅၂၃)နှင့်
- သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၉၁)၊ ၅ လွှာတို့အား ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ပါ ၁၆ နေရာတွင် အကြမ်းဖက် သမား များ နေထိုင်တော့ခြင်းမရှိကြောင်း တွေ့ရှိရသည်။
- သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နဝရတ်လမ်း၊ ပထမထပ်၊ အမှတ် (၉၀)အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်တွင် အကြမ်းဖက်သမား ၅ ဦးခန့် လတ်တလောနေထိုင်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း တွေ့ရှိရသည်။
အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသော နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှင်းလင်းခဲ့ရာ
- ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ သဒ္ဒါရုံလမ်း၊ အမှတ်(၈၇၈)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မီးခိုးဗုံး ၅ လုံး၊ ပွိုင့် ၂၂ ကျည်ခွံ ၅ ခု၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
- ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)အား ဝင်ရောက် ရှာဖွေခဲ့ရာ M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ M-16 ကျည်အိမ် ၅၀ ခု၊ AK-47 ကျည်အိမ် ၁၄ ခု၊ MK-12 ကျည်အိမ် ၃၀ ခု၊ FCG-9 ကျည်အိမ် ၆ ခု၊ ပစ္စတိုကျည်အိမ် ၃၀ ခု၊ ၅.၅၆ ကျည် ၃၈၅၀ တောင့်၊ ၇.၆၂ ကျည် ၂၅၀ တောင့်၊ ပစ္စတိုကျည် ၆၁၀ တောင့်၊ 12 Volt ကျည် ၂၇၀၀ တောင့်၊ ပွိုင့် ၄၅ ကျည် ၁၅၀ တောင့်၊ AK-47 ကျည် ၁၀၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ MK-12 သေနတ် ဆက်စပ်ပစ္စည်းအစုံ ၃၀ ၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊ မီးရှို့လက်လုပ်ဗုံး၊ ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅)ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ၇ လုံး၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဆက်သွယ်ရေး အထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ(စုစုပေါင်း လက်နက်မျိုးစုံ ၅၀ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၀ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း)တို့အား သိမ်းဆည်းရမိခဲ့သည်။

- ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာ လမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ၁၃ လက်၊ AK-47 ၁၂ လက်၊ MK-12 ၉ လက်၊ ပစ္စတို ၄ လက်၊ ခြောက်လုံးပြူး ၁ လက်၊ M-16 ကျည်အိမ် ၃၀ ခု၊ AK-47 ကျည်အိမ် ၁၀ ခု၊ MK-12 ကျည်အိမ် ၂၂ ခု၊ ပစ္စတို ကျည်အိမ် ၁၄ ခု၊ ၅.၅၆ ကျည် ၂၀၀၀ တောင့်၊ ၉ မမကျည် ၄၀၀ တောင့်၊ 12 ဗို့ကျည် ၂၀၀၀ တောင့်၊ AK-47 ကျည် ၈၀၀ တောင့်(စုစုပေါင်း လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်)တို့အား သိမ်းဆည်း ရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂) အား ရှာဖွေနေစဉ် နိုဝင်ဘာလ ၁၉ ရက် ညပိုင်းတွင် သိမ်းဆည်းထားသော လက်နက်/ ခဲယမ်းများအား သယ်ယူရန် လာရောက်သော လှမိုးသန်း(၄၂)နှစ်၊ အောင်ဝင်းနိုင် (၄၅)နှစ်တို့ ၂ ဦးအား Sigsauer ပစ္စတို ၁ လက်၊ ကျည် ၁၀ တောင့်၊ Probox မော်တော်ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ဝင်းနိုင် ၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကျော်ဇေယျ(၂)လမ်း၊ စဉ့်ငူရပ်ကွက်၊ အမှတ် (၈၁၈/ဘီ)အား ဝင်ရောက်ရှာဖွေခဲ့ရာ ၉ မမကျည် ၆၀ တောင့်၊ လက်လုပ်ဗုံး ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၄ လုံး၊ မှန်ပြောင်း ၁ လက်၊ ကျည်ကာအင်္ကျီ ၂ ထည်နှင့် ဓားရှည် ၂ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ ၎င်းအား ဖမ်းဆီးရမိခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ် (3-B)၊ အခန်းအမှတ်(B-0907)နေအိမ်အား ထပ်မံဝင်ရောက်ရှာဖွေခဲ့ရာ Lenovo Laptop ၁ လုံး၊ Macbook ၁ လုံး၊ Hard Disk ၁ လုံး၊ ဂြိုလ်တုဖုန်း ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ CB Bank ATM Card၊ AYA ATM Card များ၊ နိုင်ငံကူးလက်မှတ် စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်မည့် စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့်စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များနှင့် အမျိုးသမီး အသုံးအဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများမှာ NLD ပါတီ အောင်နိုင်ရေးသီချင်းများနှင့် ရုပ်ရှင် ဇာတ်လမ်းတိုများ ရိုက်ကူးရာတွင် ကူညီဆောင်ရွက်ပေးသူ ဖမ်းဆီးရန်ကျန် တရားခံ သဇင်ညွန့်အောင် ၏ ပစ္စည်းများဖြစ်ကြောင်း၊ သဇင်ညွန့်အောင် သည် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် နှင့် တရားမဝင် ပေါင်းသင်းနေထိုင်လျက်ရှိပြီး ၎င်းနှင့် အတူ ပေါင်းသင်းနေထိုင်နိုင်ရေးအတွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာ နှင်းဆီကွန်ဒိုရှိ တိုက်အမှတ်(3-B)၊ အခန်းအမှတ်(B-0607)တွင် အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သော ဖမ်းဆီးရန်ကျန် တရားခံ ကိုဉာဏ်၊ ကူးကူး တို့နှင့်အတူ ငှားရမ်း နေထိုင်ခဲ့ကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အကြမ်းဖက် သမားများ ခိုအောင်းနေထိုင်နိုင်ရေး ငှားရမ်းထားသော နေအိမ်များအား ဝင်ရောက် ရှာဖွေခဲ့ရာ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိမှုအနေဖြင့် လက်နက်ငယ်မျိုးစုံ ၉၃ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၀၆ ခု၊ ခဲယမ်းမျိုးစုံ ၁၃,၉၄၂ တောင့်၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၁ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ မှန်ပြောင်း ၁ လက်၊ ဂြိုလ်တုဖုန်း ၁၃ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ကနဦးထွက်ဆိုချက်အရ ဖမ်းဆီးရမိ ပစ္စတိုနှင့် လက်လုပ်ပစ္စတိုသေနတ်များမှာ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် တာဝန်ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် အခြား ဆန့်ကျင်ဘက်ပါတီဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များမှ Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ် မူတည်၍ ထုတ်ပေးခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အလားတူ ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်များနှင့် အားမြှင့်ယမ်းများမှာ နိုဝင်ဘာလ ၁၅ ရက်မှ စတင်၍ အစိုးရ၏ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဒေါက်တိုင် များအား Level-2 အဆင့်မြှင့်တင်ကာ ပျံလွှားအောင်စစ်ဆင်ရေးအမည်ဖြင့် အရှိန်မြှင့် တိုက်ခိုက်ရေးဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုအား ထိတ်လန့် ကြောက်ရွံ့စေရန် ရည်ရွယ်၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အဦများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများအပါအဝင် ပညာ သင်ကြားမှုများရပ်တန့်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကိုပါ ဖောက်ခွဲဖျက်ဆီး ခြင်းများ ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ အား ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိ ရသည်။
နိုဝင်ဘာလ ၁၂ ရက်မှစ၍ ဖမ်းဆီးရမိတရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ၇ ဦး၊ ပေါင်း ၅၀ ဦးတို့အား လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊ မီးရှို့ လက်လုပ်ဗုံး၊ ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅)ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ၇ လုံး၊ လမ်းလျောက်စကားပြောစက် ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၃ လုံး၊ Laptop ၂ လုံး၊ Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်မည့် စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ နေအိမ်/တိုက်ခန်း ငှားရမ်းနေထိုင် သူများအနေဖြင့် အကြမ်းဖက်မှု ကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါက ငှားရမ်းသည့် ပိုင်ရှင်များအား တည်ဆဲဥပဒေအရ အရေးယူမည့်အပြင် နေအိမ်/တိုက်ခန်းများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/တိုက်ခန်းများနှင့် အကြမ်းဖက် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေး အတွက် ငှားရမ်းပေးသော အိမ်ပိုင်ရှင်များအား တည်ဆဲဥပဒေအရ ဆက်လက်အရေး ယူဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ အကြမ်းဖက်ဆောင်ရွက်မှုများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။