အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇန်နဝါရီလ ၂၈

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာနေ တင်နိုင်ဦး(၅၂)နှစ်သည် ၎င်းအသုံးပြုသည့် “Tin Naing Oo” Face book အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃ လမ်းရှိ Blue BBQ အကင်ဆိုင်၏ပိုင်ရှင်များဖြစ်သော စံထိုက်အောင်(ခ)စံဂျူး(၂၉)နှစ်၊ ကောင်းထက် (ခ)ကော်ကြီး(၂၇)နှစ်နှင့် ဟိန်းဝေလွင်(၃၂)နှစ်တို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် “Blue BBQ” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ မျိုးဝင်းသည် ၎င်းအသုံးပြုသည့် “Myo Win” Facebook အကောင့်၊ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ “အောင်ချမ်းပိုင်” စားသောက်ဆိုင်ပိုင်ရှင် ဝင်းသိန်း(၅၇)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Winthein” Facebook အကောင့်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်ကုန်း(တောင်)ရပ်ကွက်၊ ဂန္ဓမာလမ်း၊ အမှတ်(၄၀)နေ အောင်နိုင်ဦး(၄၂)နှစ်သည် ၎င်းအသုံးပြုသည့် “Myanmar Life” Facebook Page၊ ကမာရွတ် မြို့နယ်နေ ကျော်ဦးသည် ၎င်းအသုံးပြုသည့် “Kyaw Kyaw” Facebook အကောင့်၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အိမ်အမှတ်(၂၁၆)နေ ရွှေလုံး(၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Shwe Lone” Facebook အကောင့်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁၆)ရှိ “မြတ်အထွေထွေရောဂါကုဆေးခန်း”ပိုင်ရှင် ဒေါက်တာ စုမြတ်လင်း(၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “Su Myat Lin” Facebook အကောင့်၊ တာမွေမြို့နယ်နေ အေးမမမျိုးသည် ၎င်းအသုံးပြုသည့် “Aye ma ma myo” Facebook အကောင့်၊ တာမွေမြို့နယ်နေ ချောစုလင်းသည် ၎င်းအသုံးပြုသည့် “Chawsu Lancz” Facebook အကောင့်၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်နေ ခင်မြင့်မွန် သည် ၎င်းအသုံးပြုသည့် “Fsdsn Khin M Mon” Facebook အကောင့် နှင့် တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာနေ နှင်းနှင်းအေး(၂၇)နှစ်သည် ၎င်းအသုံးပြုသည့် “Daw Hnin” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။