အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇန်နဝါရီလ ၂၉

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ “Kchattar Oo” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၁၀)ရပ်ကွက်နေ NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဟောင်းဖြစ်သူ ဒေါက်တာ အေဇင်လတ် အသုံးပြုသည့် “A Zin Latt” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် နေ မနှင်းရည်လင်း (၂၁)နှစ်အသုံးပြုသည့် “နန်းမေထက်ပိုင်” Facebook အကောင့်၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ (၄)ရပ်ကွက်နေ ဖိုးသန့် (ခ) သန့်ဇင်ဝင်း (၄၁)နှစ် အသုံးပြုသည့် “Phoe Thant” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်အရှေ့ကျေးရွာနေ ချမ်းငြိမ်းအေး(ခ) ရန်ရိရွှင် (၂၇)နှစ်အသုံးပြုသည့် “MQ Pet Shop” Facebook Page၊ ရမည်းသင်းမြို့၊ ဝါတိုးဈေးကုန်းရပ်ကွက်နေ နေမျိုးရောင်ခြည် (ခ)ဖားကြီး (၂၁)နှစ် အသုံးပြုသည့် “Young Chyi (Nay Myo Young Chyi)” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ အမှတ်(၂၄)နေ ရဲမြင့် (၆၄)နှစ်အသုံးပြုသည့် “U KO YE(ကိုရဲ)” Facebook အကောင့်၊ တာမွေမြို့နယ်နေ အကောင့်ပိုင်ရှင်(စိစစ်ဆဲ) အသုံးပြုသည့် “အညာမြေ” Facebook Page၊ တာမွေမြို့နယ်နေ ကျော်မင်း(စိစစ်ဆဲ) အသုံးပြုသည့် “Pyit Tine Htung” Facebook အကောင့်၊ မြောက်ဥက္ကလာပမြို့နယ်နေ အကောင့်ပိုင်ရှင် (စိစစ်ဆဲ) “AP Delivery Service” Facebook Page၊ လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တိုက် (၁၈၂/၁၈၀)၊ ဒုတိယထပ်၊ အခန်းအမှတ်(၁၀၅)နေ ချိုချိုဝင်း (၅၅)နှစ် အသုံးပြုသည့် “Ko Winthein” Facebook အကောင့်၊ စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်နေ မတိုးတိုးအောင် (၄၄)နှစ် အသုံးပြုသည့် “Zar Aung” Facebook အကောင့်၊ လှိုင်သာယာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မိုးကြီး(ခ) ကပ္ပလီ အသုံးပြုသည့် “Moe gyi” Facebook အကောင့်၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ အမှတ် (၈၆)နေ ကိုကိုမောင် (၄၀)နှစ် အသုံးပြုသည့် “Joe Ko Ko Maung” Facebook အကောင့်၊ ဗဟန်းမြို့နယ်နေ အောင်ဝင်းလှိုင် (စိစစ်ဆဲ) အသုံးပြုသည့် “Aung Win Hlaing” Facebook အကောင့်၊ ရန်ကင်းမြို့နယ်၌ အကောင့်ပိုင်ရှင် (စိစစ်ဆဲ)အသုံးပြုသည့် “Padauk Kozar” Facebook အကောင့်၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်(၃)လမ်း၊ အမှတ်(၁၀၂)နေ ဝင်းမော်ဦး အသုံးပြုသည့် “Win Maw Oo” Facebook အကောင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ Page ပိုင်ရှင်(စိစစ်ဆဲ) အသုံးပြုသည့် “MKC (Decoration Group)” Facebook Page၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်နေ မနန်းခမ်းယု အသုံးပြုသည့် “Nang Yu Lay” Facebook အကောင့်နှင့် ဝေလံလင်း(ခ) ငိုင်းငိုင် အသုံးပြုသည့် “Wai Yan” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။