အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲကျင်းပ

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ - ၅

          အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ်(၁) တပ်မတော် ဆေးရုံ(ခုတင်- ၇၀၀)၊ ဇီဝကခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ ကျွမ်းကျင်သူ(အရာရှိ)များ၊ သူနာပြု/ ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြား ထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

          နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် စုစုပေါင်း  ၃၅၅ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင်သူ(အရာရှိ)နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၁၅၃ ဦး တက်ရောက်ခဲ့ကြသည်။

          ယနေ့တွင် Major Symposium အဖြစ် Futuristic Approaches to Optimize Nutrition and Exercise Regimens for Myanmar Military Cadets နှင့် Debate Session တို့ကို ဆွေးနွေးကြသည်။

          ထို့နောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် နှင့် တာဝန်ရှိသူများက အကောင်းဆုံး သုတေသနစာတမ်းနှင့်ပိုစတာများအတွက် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊  Young Researcher Award ရရှိခဲ့သည့် သုတေသနစာတမ်း/ပိုစတာဆုရှင်များနှင့် Debate Session တွင် အနိုင်ရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် သုတေသနစာတမ်း/ပိုစတာ တင်သွင်းဖတ်ကြားခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် က ပိတ်ပွဲ အမှာစကားပြောကြားကာ အကြိမ်(၃၀)မြောက်မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။