အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅
    
Covid-19  ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရပြီး ကျောင်းသူ၊ ကျောင်းသားများ၏ ပညာသင်ကြားရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ သည်။ ယခုအခါတွင် Covid-19  ရောဂါဖြစ်ပွားမှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ပြီ ဖြစ်သဖြင့် စာသင်ကျောင်းများအား ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်း)၌လည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင်များအား ဆေးများ ပြန်လည် သုတ်ပေးခြင်းနှင့် စာသင်ဆေင်များအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။