အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ဆရာ၊ဆရာမများအတွက် ကျောင်း ဝတ်စုံများပေးအပ်

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ဆရာ၊ဆရာမများအတွက် ကျောင်း ဝတ်စုံများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၁၅
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ပန်းတင်)နှင့်ပျဉ်းမနားမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးမိတ်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ အခြေခံပညာအထက်ကျောင်းတို့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက် ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
    
ထို့ပြင် သထုံမြို့နယ်၊နောင်ကုလားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမ ၁၇ ဦးအတွက် ကျောင်းဝတ်စုံ ၁၇ စုံကို သထုံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။