အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၁၇
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဥတ္တရသီရီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မင်းကုန်း)၊ တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်း ကျောင်း(သပြေချောင်း)နှင့် လယ်ဝေးမြို့နယ်ရှိ အမှတ်(၄၂)အခြေခံပညာမူလတန်းကျောင်း တို့၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ဟိုပန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် သိန်းနီးမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတို့၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ၊ စာသင်ဆောင်များနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ပိုးသတ်ဆေး ဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။