အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၂၂
    
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာ‌ ကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသား စုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိ သည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဉတ္တရသီရိမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့၊ ဘုတ်ပြင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငပုတောမြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ တောင်ကုတ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ ပြင်ဦးလွင်မြို့၊ မိတ္ထီလာမြို့၊ ကျောက်ပန်းတောင်းမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် သဲကုန်းမြို့နယ်၊ အင်းမမြို့များရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဝန်းများအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင် ပေးခြင်းတို့ကိုစုပေါင်း ဆောင်ရွက်ပေးကြသည်။
    
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။