အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၂၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာ‌ ကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်မတော်သားများနှင့် မိသား စုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ ဟဲဟိုးမြို့၊ ပင်လုံမြို့၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကော့သောင်းမြို့နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့တို့ရှိ အခြေခံပညာကျောင်း များ၌ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်း၊ စာသင် ဆောင်အတွင်း၊ အပြင် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် သင်ထောက်ကူ ပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။