အခြေခံပညာအထက်တန်းကျောင်းများနှင့် စေတီပုထိုးများ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၁၅

    နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ နမ့်စန်မြို့၊ ပင်လုံမြို့၊ လင်းခေးမြို့၊ ကျိုင်းတောင်းမြို့၊ မိုင်းနောင်မြို့၊ မိုင်းပန်မြို့၊ ကွန်ဟိန်းမြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့နယ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဉက္ကလာပမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စစ်တွေမြို့၊ တောင်ကုတ်မြို့၊ ဂွမြို့၊ ကျောက်ဖြူမြို့၊ နှင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့ တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝန်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေ ရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်း ရေးပြုလုပ်ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အတွင်းရှိ  သိန်းနီဟော်နန်း အောက်ခြေမြေသားဖို့ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းတွင် သိန်းနီတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြို့မိ၊ မြို့ဖများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ပေးသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉးစေတီတော် ရင်ပြင်တော်နှင့် ပရိဝုဏ်အတွင်း၌ သန့်ရှင်းသာယာလှပရေးအတွက် ဒလတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အမှိုက်များ ရှင်းလင်းပေးခြင်း၊ ရေဆေးကြောသန့်စင်ပေးခြင်းနှင့်ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ခြင်း စသည့် စုပေါင်းလုပ်အားဒါနများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။