အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်  မေ   ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ကွမ်းလုံမြို့ရှိ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပျဉ်းတောကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် မေ ၁၁ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်းနှင့် စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေးတို့အား စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)