အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း ရေးပြုလုပ်

အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း ရေးပြုလုပ်

နေပြည်တော်၊ မေ - ၁၃

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပဲပဒုံကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝန်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေ ရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်းနှင့် စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်း ရေး ပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။