အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း ရေးပြုလုပ်

နေပြည်တော်၊ မေ - ၁၄

    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းခတ်)၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ပျန်)နှင့် အခြေခံပညာမူလ တန်းကျောင်း(ကုန်းမွန်)တို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး သည်။
    
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝန်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေ ရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်းနှင့် စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်း ရေး ပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။