အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ မြန်မာ့ သိုင်းသင်တန်း၊ အခြေခံရေကူးသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများဖွင့်လှစ်

အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ မြန်မာ့ သိုင်းသင်တန်း၊ အခြေခံရေကူးသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၅

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ် မောင်မယ် များကို အားလပ်ရက်အချိန်များအား အကျိုးရှိစွာ ဖြတ်သန်းနိုင်စေရန်နှင့် လိမ္မာ ယဉ်ကျေးစေရန်ရည်ရွယ်၍ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ မြန်မာ့ သိုင်းသင်တန်း၊ အခြေခံရေကူးသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းတို့ကို ယနေ့ ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွန်း၊ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကြီး(YMBA) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဌာနချုပ်မှူးနှင့် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး(YMBA) ဒုတိယ ဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများအသီးပြောကြားကြသည်။ ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကြီး(YMBA) ဒုတိယဥက္ကဋ္ဌက ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ကြီးမှ ထုတ်ဝေသည့် ယဉ်ကျေးလိမ္မာစာအုပ်စာစောင်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ် လှူဒါန်းရာ ဌာနချုပ်မှူးက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းများတွင် အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ အခြေခံအင်္ဂလိပ်စာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး၊ မြန်မာ့သိုင်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ အခြေခံရေကူးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးနှင့် ကွန်ပျူတာ အခြေခံသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတို့ဖြင့် မေ ၂၀ ရက်နေ့ အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။