နေပြည်တော်၊ ဇွန် - ၇
ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဝဏ္ဏိတာရာမ ပရိယတ္တိစာသင်တိုက်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့နယ်ခန်းမနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာ ရာမကျောင်းတိုက်တို့၌ အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့်စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဖူးမြော် ကြည်ညိုကြ၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။