အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့်အမျိုးသားရေးရည်မှန်းချက်များအပေါ် ရပ်တည် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းမှု၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများ အချိန်ကိုက် လှုံ့ဆော်ဝါဒဖြန့် နေမှုများ၊ ၇-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့်အမျိုးသားရေးရည်မှန်းချက်များအပေါ် ရပ်တည် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့  နိုင်ငံတော်ကာ ကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်များ ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါ တယ်။ သူရဘွဲ့ရရှိတဲ့ပုဂ္ဂိုလ် ၄ ဦးအပါအဝင်စုစုပေါင်း ၁၄၇ ဦးဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်များဟာ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များသာမကဘဲ လုံခြုံရေးဆိုင်ရာတာဝန် ထမ်းဆောင်နေတဲ့ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ ဝန်ထမ်းများနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို ထမ်း ဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ သာမာန်ပြည်သူလူထုများ ပါဝင်ပါ တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကတည်းက တပ်မတော်နဲ့ပြည်သူလက်တွဲပြီး လွတ်လပ်ရေးရရှိအောင် အသက် ပေါင်းများစွာ စတေးပြီး၊ ဘဝပေါင်းများစွာစတေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ရန်ကုန်အစိုးရလို့ပဲ ကွက်ကွက် ကလေးခေါ်ရတဲ့ အင်းစိန်အထိတောင်မှပဲ သောင်းကျန်းသူများ လှုပ်ရှားစိုးမိုး နေတဲ့ နေရာကနေပြီး တပ်မတော်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာဝန်သိ ပြည်သူလူထုတွေပူးပေါင်းပြီး နိုင်ငံတော် လွတ်လပ်ရေးတည်တံ့ခိုင်မြဲအောင် ဆောင်ရွက်လာတာဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ခဲ့လို့လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ ယခုလက်ရှိ မြေပုံ ပေါ်မှာရှိနေတဲ့အတိုင်း ရှိနေတာပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတော် ရဲ့ကာကွယ်ရေး၊ လုံခြုံရေးတာဝန်၊ ပြည်ထောင်စုမပြိုကွဲရေးတာဝန်ကိုထမ်း ဆောင်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံး ဒီနေ့ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များချီးမြှင့်ခံရတဲ့ပုဂ္ဂိုလ်များအားလုံးကို အသိအမှတ်ပြု ဂုဏ်ယူ ပါကြောင်းလေးနက်စွာပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရာရှိ၊ စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံထမ်းဆောင်နေတဲ့အချိန်ကာလမှာ ကောလာဟလ မျိုးစုံ ထုတ်လုပ်မှုဆိုတာကတော့ ရှိမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်သမားများအနေနဲ့ ကတော့ အကြမ်းဖက်သမားတွေရဲ့လုပ်ရိုးလုပ်စဉ်သည် ပထမဦးစွာ ဘာကို ဆောင်ရွက်တာလဲဆိုရင် အကြမ်းဖက်မှုတစ်ခုကို ဖြစ်မြောက်အောင်လုပ်ပြလိုက် တာပဲ။ အကြမ်းဖက်မှုတစ်ခုကိုဖြစ်မြောက်အောင်လုပ်ပြီးရင် သူနဲ့ ပင်းဖက်တဲ့ မီဒီယာတွေနဲ့ ပြီးရင်သူအကြမ်းဖက်လုပ်ခဲ့တာတွေကို ဝေဝေဆာဆာထုတ်ပြန် ပြီး လူထုရဲ့စိတ်ထဲမှာ အကြောက်တရား ဒါမှမဟုတ် လူထုရဲ့စိတ်ထဲမှာ ဂရုစိုက်မှု တစ်ခုရရှိလာအောင် သူက ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုမျိုး တွေကို ဘယ်လိုမီဒီယာတွေ၊ ဘယ်လိုအဖွဲ့အစည်းတွေက ဆောင်ရွက်နေတယ် ဆိုတာ ပြည်သူများ လက်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့ပြောဆိုနေတဲ့ ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်ဘူးလို့ဘဲပြောချင်ပါတယ်။

        ဒီနေ့မှာဆိုလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ဆင်ရေးတာဝန်ထမ်း ဆောင်နေတဲ့ တပ်မမှူးတစ်ယောက်ကို အသေရရှိတယ်ဆိုပြီးသတင်းလွှင့်နေ တာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောချင်တာကတော့ သူတို့ ပြောနေတဲ့ တပ်မမှူးဆိုတာသည် ရှေ့တန်းမှာစစ်ဆင်ရေးတာဝန်များကိုထမ်း ဆောင်လျက်ရှိကြောင်းပြောကြားလိုပါတယ်။ ဒီနေ့ဖြစ်စဉ်များနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နန့်ခမ်းမှာ ထိတွေ့တိုက်ပွဲအနည်းငယ်ရှိပါတယ်။ လောက်ကိုင်ရဲ့အရှေ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲရှိပါတယ်။ လောက်ကိုင်ကို ရှော့တိုက်ဒုံးနဲ့ပစ်တာတွေရှိပါတယ်။ ၁၀၅ မိုင်မှာလည်း ထိတွေ့တိုက်ပွဲရှိပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ တမူး အောင်ဇေယျစခန်းကို လာရောက်ပစ်ခတ်တာရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင် များအနေနဲ့ ရွပ်ရွပ်ချွံချွံခုခံချေမှုန်းခဲ့တာကြောင့် ရန်သူအနေနဲ့ထိခိုက်ဒဏ်ရာရရှိ မှုများရှိတယ်ဆိုသိရပါတယ်။ သူတို့သိမ်းပိုက်ထားတယ်လို့ကြွေးကြော်နေတဲ့ ခမ်းပါတ်တစ်ဝိုက်မှာလည်း စစ်ဆင်ရေးဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိပါ တယ်။ အောင်မြင်မှုများရှိတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကတိုင် လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး Ideology မျိုးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယခင်ကတည်းကတိုင် တိုင်းပြည်ရဲ့လိုအပ်ချက်အရပေါ်ပေါက်လာတဲ့ ဆိုရှယ်လစ်စနစ်တည်ထောင်ရေး မှာလည်း အမျိုးသားအကျိုးစီးပွားတစ်ရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးမည်သည့်အရောင်အသွေးမှမပါတဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်လုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုတဲ့ရပ်တည်ချက်အပေါ်မှာပဲ ရပ်တည်ပြီး အမျိုးသားအကျိုးစီးပွား ကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ အခုအချိန်အထိလည်း ကျွန်တော်တို့အနေနဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာရပ်တည်ပြီး ကာကွယ်စောင့်ရှောက်နေတာဖြစ် ပါတယ်။ ဒီလိုကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ဒီအချိန်မှာတော့ နိုင်ငံရေးရည်မှန်းချက်များ၊ အမျိုးသားရေးရည်မှန်းချက်များ ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အစိုးရအနေနဲ့ ပါတီစုံဒီမိုက ရေစီစနစ်ကို ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်ပါတယ်။

        ဒီနေ့ နိုင်ငံတစ်ဝန်းလုံးမှာ အကြမ်းဖက်မှုများကိုအားပေးလုပ်ဆောင်နေတဲ့ NUG PDF နဲ့ သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ ဒီမိုကရေစီဆိုတဲ့ အမည်ခံထားတဲ့ နိုင်ငံ ကြီးများရဲ့လုပ်ဆောင်ချက်ပြန်ကြည့်ပါ။ မြန်မာနိုင်ငံမှာအလုံးစုံပျက်သုဉ်းရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ၊ ဘုန်းကြီးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကိုသတ်ရုံမကဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက် ရိုက်စော်ကားတာတွေ၊ ထိပါးတာတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်သူလူ ထုရဲ့အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းတံတားတွေ၊ လျှပ်စစ်တာဝါတိုင်  တွေဖျက်ဆီးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ ကြွေးကြော်နေတာ လည်း ဒီမိုကရေစီရရှိရေးဆိုတာမျိုး ဖက်ဒရယ်ဆိုတဲ့ဟာမျိုးကြွေးကြော်နေတာ ဖြစ်ပါတယ်။ ကျွန်တော် ဥပမာတစ်ခုပဲ ထုတ်ပြလိုပါတယ်။ ဒီလူတွေသည် မြန်မာနိုင်ငံမှာ အစိုးရ ၅ နှစ်လုပ်ခဲ့ဖူးပါတယ်။ သူတို့အနေနဲ့၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ နိုင်ငံတော်အာဏာကိုမတရားရယူလိုမှုကြောင့် သာ ဒီလူတွေသည် လက်နက်ကိုင်လမ်းစဉ်ရွေးပြီးတောထဲရောက်သွားတာဖြစ်ပါ တယ်။ သူတို့အစိုးရဖြစ်တုန်းက မှတ်မှတ်ရရ ယခုနိုင်ငံတော်ဝန်ကြီးချုပ် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ ဝန်ကြီးချုပ် များ ခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်များရွေးချယ်ခြင်း ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး ပြင်ဆင်နိုင်ဖို့အတွက် တရားဝင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြောခဲ့ ဖူးပါတယ်။ ပုဒ်မ ၂၆၁ ရဲ့အနှစ်သာရအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေထဲက လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကို သမ္မတကခန့်ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အဲဒီအချိန် တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လွှတ်တော်က သူတို့ထောက်ခံတဲ့သူကို တင်ချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတပ်မတော်အနေနဲ့လည်း လွှတ်တော်ကနေ အများစုထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခုဒီမိုကရေစီတို့ ဖက်ဒရယ်တို့ကြွေးကြော်နေတဲ့သူများ သည်အစိုးရဖြစ်ပါတယ်။ တုတ်တုတ်မှမလှုပ်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်  ပြောချင်တာက တိုင်းရင်းသားများအနေနဲ့ တိုင်းရင်းသားများ၊ ပြည်သူလူထုများ အလိုရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရက ဦးဆောင်ပြီးဖော် ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုအထိ ဒီစနစ်ကိုအာမခံပါတယ်လို့လည်းပြော ထားတာဖြစ်ပါတယ်။ တပ်မတော်အစိုးရသည် တပ်မတော်သည် ပါတီစုံဒီမို ကရေစီစနစ်ကို သံယောင်လိုက်နေတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ ဦးဆောင်တည် ထောင်ခဲ့တာဖြစ်သလို ဘယ်လိုဖြေလျှော့မှုတွေလုပ်ရမယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုဘယ်လိုဆောင်ရွက်ပေးနိုင်မယ်ဆိုတာ အမြဲတမ်းတွေးတောနေ တာဖြစ်ပါတယ်။ ဒီဟာကိုသံယောင်လိုက်နေတဲ့ အဖွဲ့များအနေနဲ့ ခုနကပြောတဲ့ ပုဒ်မ ၂၆၁ ကိုပြင်ပါဆိုတဲ့အချိန်မှာ ဘယ်သူမှ တုတ်တုတ်မလှုပ်တာကို အားလုံး ကသတိရမိမယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော် တို့အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်းကာကွယ်စောင့်ရှောက်လျက်ရှိ ပါတယ်။ ဒီလိုအမြဲတမ်းကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အပြောနဲ့မဟုတ် ဘဲနဲ့လက်တွေ့အလုပ်နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီတော့ အားလုံးသည် အပြောကိုပဲယုံကြမလား၊ လက်တွေ့အလုပ်ပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ကြမ လားဆိုတာကို တွေးတောဖို့ အချိန်တန်ပြီလို့ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင် လက်နက်ကိုင်ပဋိပက္ခများနဲ့ ကြုံ ‌တွေ့ခဲ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခများ အမြန်ချုပ်ငြိမ်းဖို့ဆိုတာသည် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက် မှု၊ ပါဝင်မှုအရေးကြီးပါတယ်။ ဒီလိုမျိုးဆောင်ရွက်မှသာလျှင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်လာမှာဖြစ်တဲ့ အတွက်ကြောင့် ယနေ့ကျွန်တော်တို့နိုင်ငံမှာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပ ဒေစိုးမိုးရေးလုပ်ငန်းများမှာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြဖို့ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းပြောကြားလိုပါတယ်။ အားလုံးကိုကျေး ဇူးတင်ပါတယ်။