အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(လားရှိုး)တွင် နေထိုင်ခွင့်ရရှိသူများအား နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများ ပေးအပ်

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(လားရှိုး)တွင် နေထိုင်ခွင့်ရရှိသူများအား နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများ ပေးအပ်

နေပြည်တော်၊ ဧပြီ - ၆

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(လားရှိုး)၌ နေထိုင်ခွင့်ရရှိသူများအား နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားအပ်နှင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့‌ မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံတော် နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံမိသားစုဝင် များနှင့် သက်ပြည့်စစ်မှုထမ်းဟောင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(လားရှိုး)တွင် နေထိုင်ခွင့်ရရှိသူများကို နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများ ပေးအပ်ရာ နိုင်ငံတော်နှင့်တပ်မတော် အတွက် အသက်ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံမိသားစုဝင်များနှင့် သက်ပြည့်စစ်မှုထမ်းဟောင်း သင်္ဂဟဘွဲ့တံဆိပ်ရရှိသည့် စစ်သည်များက လက်ခံရယူ ကြပြီး နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားရရှိသူများ ကိုယ်စား မိသားစု ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
၎င်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။