အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ရန်ကုန်)တွင် နေထိုင်ခွင့်ရရှိသူများအား နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်လက်မှတ်များ ပေးအပ်
နေပြည်တော်၊ မေ - ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(ရန်ကုန်)၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား အိမ်ရာနေရာချထားပေးခြင်းနှင့် နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့် လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံမိသားစုဝင်များနှင့် သက်ပြည့်စစ်မှုထမ်းဟောင်းများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(ရန်ကုန်)တွင် နေထိုင်ခွင့်ရရှိသူများကို နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်လက်မှတ်များ ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံမိသားစုဝင်များက လက်ခံရယူကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ပြီး အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများအား နိုင်ငံတော်နှင့်တပ်မတော် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ကျဆုံး/သေဆုံးခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြသည့် အရာရှိ၊ စစ်သည် များနှင့် သက်ပြည့်အငြိမ်းစား စစ်မှုထမ်းဟောင်းများအတွက် ဆောက်လုပ်ပေးခြင်းဖြစ် ရာ ယနေ့တွင် နေအိမ် ၂၆၄ ခန်း လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။