အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်ကို မလိုလားသည့် အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းပီသစွာ စာသင်ကြား ပေးလျက်ရှိသော ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်ကို မလိုလားသည့် အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းပီသစွာ စာသင်ကြား ပေးလျက်ရှိသော ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၀

အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေး လျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း များပြုလုပ်ခဲ့ရာတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်နေ ဦးဆင်ကျော်(၅၃)နှစ် (ဘ)ဦးပြောင်း၊ ဇနီးဖြစ်သူ ဒယ်ရောက်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်သန်းသန်းနွဲ့ (၅၀)နှစ် (ဘ)ဦးစိန်မောင်နှင့် သမီးဖြစ်သူ မလင်းလက်ကျော်(၂၀)နှစ်တို့ မိသားစုသည် ၎င်းတို့၏ နေအိမ်၌ ရှိနေစဉ် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး သေနတ်များကိုယ်စီကိုင်ဆောင်ထား သည့် အကြမ်းဖက်သူ အမျိုးသား ၄ ဦး ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက် ကာ သေနတ်များဖြင့် ရက်စက်စွာ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးဆင်ကျော်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းနွဲ့တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြပြီး သမီးဖြစ်သူ မလင်းလက်ကျော်တွင် ယာလက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး တန့်ဆည်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ အခင်းဖြစ် နေရာမှ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် A USA 320 AUTO ကျည်ခွံ ၁ ခုနှင့် MM 6 NRO LUSER ကျည်ခွံ ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ည ၁၀ နာရီခွဲအချိန်တွင် ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ PDF အမည်ခံအကြမ်းဖက် အဖွဲ့ က လက်လုပ်သေနတ်၊ တုတ်၊ ဓားများကိုင်ဆောင်၍ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ရွာသန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းဆရာ ဖြစ်သူ ဦးသန်းအောင်(၅၀)နှစ်နှင့် တစ်ရွာတည်းနေ ဦးချိုကြီး(၅၅)နှစ် (ဘ)ဦးတင်အောင်တို့ ၂ ဦးအား ၎င်းတို့၏နေအိမ်များမှ ခေါ်ထုတ်ကာ ဦးသန်းအောင်အား CDM မလုပ်သည့်အတွက်ကြောင့် လည်းကောင်း၊ ဦးချိုကြီးအား ဒလန်ဟုစွပ်စွဲ၍လည်းကောင်း ရက်စက်စွာ ဝိုင်းဝန်းသတ်ဖြတ်သွား ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၍ ရက်စက်စွာသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံ ပြည်သူလူထုများက လိုလားလက်ခံမှုမရှိသည့်အပြင် ရွံရှာမုန်းတီးလျက် ရှိကြောင်းနှင့် ၎င်း အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။