အနုပညာရှင်များစီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသင်းအဖွဲ့အသီးသီးက ကန့်ကွက်ရှုံ့ချ ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်

အနုပညာရှင်များစီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသင်းအဖွဲ့အသီးသီးက ကန့်ကွက်ရှုံ့ချ ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်

 
နေပြည်တော် မတ် ၃၀

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ် - ၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိရာ မတ် ၂၉ ရက်တွင် မှတ်တမ်းဓာတ်ပုံဗီဒီယိုများ ရိုက်ကူးပြီး ဂုတ်ထိပ်တံတားမှ ပြင်ဦးလွင်မြို့သို့ မြန်မာ့မီးရထား စက်ခေါင်းအမှတ် DF – 2078 ရထားအမှတ် DDUEZ 12370 ဖြင့် ပြန်လည်ထွက်ခွာလာသည့် အနုပညာရှင်များ ပါဝင်သည့်အဖွဲ့အား PDF အမည်ခံ အကြမ်းဖက်သမား များက ရီမုမိုင်း ၁ လုံးဖြင့် အဝေးမှ နှောင့်ယှက်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့က နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန်၍ စည်းကမ်း ပြည့်ဝသောဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အထောက်အကူ မပြုသော အဖျက်အမှောက်လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ဆောင်မှုအပါအဝင် အကြမ်းဖက်လုပ် ရပ်မှန်သမျှတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများနှင့်အတူ လုံးဝ(လုံးဝ) လက်မခံဘဲ ရှုံ့ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ၊ ကြေညာချက်များကို ထုတ်ပြန် ထားကြောင်း သတင်းရရှိသည်။