အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း၊ တပ်ဖွဲ့များ၌ ကျောင်း သား၊ ကျောင်းသူများအတွက် နွေရာသီ သင်တန်းများဖွင့်လှစ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း၊ တပ်ဖွဲ့များ၌ ကျောင်း သား၊ ကျောင်းသူများအတွက် နွေရာသီ သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၁၈

နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင် တတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်၊ ဇာတိသွေး၊ ဇာတိမာန်ထက်မြက်မြင့်မားစေရန်နှင့် မြန်မာ့သိုင်းပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များကသင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ကြသည်။ အဆိုပါသင်တန်းများတွင် အခြေခံအင်္ဂလိပ်စာသဒ္ဒါနှင့် စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၅ ဦးနှင့် မြန်မာ့သိုင်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၂ ဦးတို့ဖြင့် မေ ၁၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယဉ်ကျေးလိမ္မာသင်တန်းများကိုလည်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ် ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ယနေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၇၃ ဦးကို မေ ၁၃ ရက်အထိ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။