အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ နဝမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာပြုလုပ်
နေပြည်တော်၊ ဧပြီ - ၂၇
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ နဝမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာကို ဧပြီ ၂၆ ရက်တွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီ ခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မဟာရန်ကင်းတောင်ကျောင်း တိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သာသနာတော်လာ ထုံးတမ်းအစဉ်အလာနှင့်အညီ ရှင်လောင်းလှည့် လည်၍ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး တိုင်းစစ် ဌာနချုပ်ဧရာဝတီခန်းမ၌ ဘိသိက်သွန်းခြင်းဆောင်ရွက်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့၊ မဟာရန်ကင်းတောင် ကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ရဟန်းလောင်း ၆၀ ပါး၊ ရှင်သာမဏေလောင်း ၁၈ ပါးနှင့် သီလရှင်လောင်း ၅ ပါးတို့အား ဆံချမင်္ဂလာပြုလုပ်၍ သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့် ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ယနေ့နံနက် ပိုင်းတွင် မဟာရန်ကင်းတောင်ကျောင်းတိုက်၌ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား သိမ်ဆင်းလောင်းလှူကြသည်။ ၎င်းနောက် ရေစက်ချ မင်္ဂလာပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓါရုံညောင်ပင်သာကျောင်း ပရိယတ္တိ စာသင် တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တဝိဿုတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြသည်။ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာ တော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့် တော်မူသော ပရိတ်တရားတော်များနာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ပုသိမ်မြို့၊ မရမ်းချိုကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတ ထံမှ အနုမောဓနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။