အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ နှစ်(၆၀)ပြည့် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ စုပေါင်းသွေးလှူဒါန်း

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ နှစ်(၆၀)ပြည့် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၁

          အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ နှစ်(၆၀)ပြည့် တိုင်းနှစ်ပတ်လည်နေ့အထိမ်း အမှတ်အဖြစ် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်သည်။

          ဦးစွာ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစု ဝင် ၆၀ ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေး လှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။