အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၈

အနောက်တောင်စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဒိုင်းဆုအား နယ်မြေခံထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းအသင်းကရရှိသွားကြောင်းသိရှိရသည်။
အဆိုပါ (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အသင်းလိုက်ဆုရရှိကြသူများ၊ တစ်ဦးချင်းဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသော နယ်မြေခံထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းအသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဒိုင်းဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိသည်။