အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
 
နေပြည်တော်၊ ဇွန် - ၂၉
 

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်ဘောလုံးကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းနှင့် နယ်မြေခံလေတပ်စခန်းဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇူလိုင် ၁၃ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။