အနောက်တောင်တိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၇

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များဖြစ်သည့် နယ်မြေခံထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း(အမျိုးသား)အသင်းနှင့် နယ်မြေခံလေတပ်စခန်းဌာနချုပ်(အမျိုး သား)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများနှင့် စခန်းရုံး၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်(အမျိုးသမီး)အသင်းနှင့် ပုသိမ်တပ်နယ်(က)(အမျိုးသမီး)အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာ နချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၀)သင်း နှင့် အမျိုးသမီးအသင်း(၁၀)သင်းတို့မှ အားကစားသမား ၁၄၀ ဦးဖြင့် ဇွန် ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။