အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၅

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဗန္ဓုလခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြ များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ မြန်မာ့သိုင်းနည်းပြဆရာများ၏ သရုပ်ပြလေ့ကျင့်ဆောင်ရွက်မှုများကို ကြည့်ရှု အားပေးကြသည်။ အလားတူ စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲကို ပြုလုပ်ရာ တိုင်းမှူးက တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ယဉ်ကျေးလိမ္မာစာအုပ်/စာစောင်များ ပေးအပ် သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌လည်း နွေရာသီသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ မြန်မာ့သိုင်းသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၁၀၃၃ ဦးဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၇၁ ဦးဖြင့်လည်းကောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၀၄၇ ဦးဖြင့် လည်းကောင်း မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။