အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၅

        အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက ဆုရရှိကြသူများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက စစ်မှုထမ်းသင်္ဂဟတံဆိပ်ရရှိသူများ၊ စစ်မှုထမ်းကောင်းတံဆိပ်ရရှိသူများနှင့် အိမ်ထောင်သည်လိုင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ သန့်ရှင်းရေးအကောင်းဆုံးဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။