အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၄

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် မေ ၂၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။