အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၈

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ (၂၆)ကြိမ်မြောက် တိုင်းမှူး တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက် ရောက်ကြသည်။
ဦးစွား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိ ကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသည့် မုံရွာတပ်နယ် အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ် များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။