အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်

နေပြည်တော်  မေ  ၇

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သား များက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

ယနေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ လက်ပံဇင်ကျေးရွာ၊ ပန်းချီကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာ များအတွင်းရှိ  အိမ်ထောင်စု ၄၀၀ စုတို့အတွက်  ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။               

(၁၀၀)