အမရပူရမြို့နယ်၊ ထန်းတောရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask  များ ပေးအပ်လှူဒါန်း

အမရပူရမြို့နယ်၊ ထန်းတောရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask  များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁၀
    
COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask  များအား အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ အကွက်အမှတ်၊ ထထ^၁၀ ရှိ အိမ်ထောင်စု ၅၀၀ စု အတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask  များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။