အမာမြို့၊ မင်္ဂလာသောင်တန်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း အောက်တိုဘာ ၂ဝ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

      အဆိုပါ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် ကျေးရွာသို့ ယနေ့တွင် အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စု ၃၂၆ စုအတွက် ဆန် ၆၁ အိတ်နှင့် Mask ၄ဝဝ ခု တို့ကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။