အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး
နိုဝင်ဘာ-၁၅
ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာအထူးကိုယ်စားလှယ်နှင့်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yohei SASAKAWA နှင့် အမေရိကန်နိုင်ငံ၊နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ရစ်ချက်ဆန်စင်တာဥက္ကဋ္ဌ Mr. Bill Richardson တို့၏မေတ္တာရပ်ခံချက်အရလည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်သောဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်း ကျခံနေရသည့် နိုင်ငံကူးလက်မှတ်အမှတ် ၅၆၇၆၄၀၀၄၃ ကိုင်ဆောင်သူ အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster (ဘ) Bud Fenster အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းနှင့် ၎င်းသည် Mr. Bill Richardson နှင့်အတူ တစ်ပါတည်း ယနေ့တွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။