အမ်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်

အမ်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၁

ပြည်ထဲရေးဝန်ကြီးဌာနနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့မှ ရခိုင်ပြည်နယ်၊ အမ်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။