အမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ မေ - ၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံဆေးကုသရေးအဖွဲ့ က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။