နေပြည်တော် ဇွန် ၉
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီ အစည်း အဝေး(၁/၂ဝ၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး ကော်မတီဝင်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် ကုလ သမဂ္ဂစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ (UNCTFMR) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်း ဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီဝင်များနှင့် သက်ဆိုင်ရာရုံး/ ဌာနများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။