အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

နေပြည်တော်၊ ဒီဇင်ဘာ - ၈

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ က ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ် ၁၁၈ ဦးတို့ကို ဘီစီဂျီ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေး၊ ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေး ခဲ့ကြကြောင်း သတင်းရရှိသည်။